Graphic Design Master Program Detail Explained

 


Graphic Design ကို ဆရာနဲ့အတူ/သူငယ်ချင်းတွေနဲ့ အတူ လက်တွေ့ ပျော်ပျော်ပါးပါးတိုင်ပင်ဆွေးနွေးသင်ကြားနိုင်မယ့် မြန်မာနိုင်ငံရှိ Graphic Design သင်တန်းတွေထဲက အကောင်းဆုံးဒီဇိုင်းသင်တန်းတစ်ခုဖြစ်ပါတယ်။ 

About Art of Lwin Creative Studio
———
၂၀၁၆ ခုနှစ်ကတည်းက စတင်ခဲ့ပြီး အခုအချိန်အထိ
အသေးစား/အလတ်စားလုပ်ငန်းများစွာ၏ Logo/Design
အမျိုးမျိုးနှင့် Brand ပုံရိပ်ကို အလှပဆုံး အကောင်းဆုံး
ဖန်တီးပေးနေတဲ့ Studio တစ်ခုဖြစ်ပါတယ်။
-----

၂၀၂၁ မှစတင်၍ တစ်နိုင်ငံလုံးမှ ဝါသနာပါသူလူငယ်များ Design နှင့် illustraton ကို အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် လွယ်ကူစွာသင်ကြားနိုင်စေရန် အတွက်Graphic Design Master Program ကို ဖွင့်လှစ်ထားရှိပါသည်။


Main Program ဖြစ်တဲ့ Graphic Design Master Program (GDMP) အောက်မှာ
အလုပ်သဘာဝအရ သင်တန်းအခွဲ နှစ်ခုရှိပါမယ်။
-
Design+ နဲ့ Illustration + တို့ပါ။
-
Design + မှာဆိုရင်...
အခြေခံ Tool များအပြင်
Photoshop အဓိကထားပြီးပြုလုပ်ရတဲ့ ဘာသာရပ်များဖြစ်တဲ့
-----
Facebook တွင်အသုံးပြုရန် Social Media Designများ,
ကြေငြာဒီဇိုင်းများ Menu Design များ,
-----
မိမိစိတ်ကူးထဲတွင် ရှိသော ဒီဇိုင်းများကို
ဓါတ်ပုံများဖြင့် ပေါင်းစပ်ဖန်တိးသည့်
Photo manipulation Design,
-----
ဓာတ်ပုံဆိုင်များတွင် အလှဓါတ်ပုံပြုပြင်သော
Photo Retouching,
-----
Color Theory and Design Principles 
(Theory အကျယ်ကို အောက်မှာပြန်ရှင်းပြထားပါတယ်)
-----
Lightroom (LrC) ကိုအဓိကထားအသုံးပြုရသည့်
ဓါတ်ပုံနှင့်/ဒီဇိုင်းများ၏ အရောင်အသွေးကို
Color Theory နှင့် ပက်သက်ပြီး Professional ကျကျချိန်ညှိနည်းများကိုသင်ကြားရမည်ဖြစ်ပါသည်။
-----
ထို့အပြင် ဓါတ်ပုံပြုပြင်ရတွင် လိုအပ်သော ပုံများ စာလုံးများကို ဒေါင်းလုပ်ယူနည်းများ
Ai image generator အသုံးပြု၍ ဒီဇိုင်းတွင် ထည့်သွင်းလိုသောပုံများပြုလုပ်နည်းကိုပါ သင်ကြားပေးသွားမည်ဖြစ်ပါသည်။
-
(ပုံမှန် Facebook Page နှင့် Social Media Design ကြေငြာဒီဇိုင်းများ ဖန်တီးလိုသူများအနေဖြင့် Design+ Program တစ်ခုတည်းတက်ရောက်ပြီး Professional ကျကျရေးဆွဲနိုင်မည်ဖြစ်ပါသည်)
-
-----
-
Illustration + မှာဆိုရင်
အခြေခံ Tool များအပြင်
-
Vector Landscape ရှုခင်းများရေးဆွဲခြင်း၊ သီတင်းကျွတ်စသော အထိမ်းအမှတ် ပုံများရေးဆွဲခြင်း
------
Character Illustration
မိမိကိုယ်ပိုင် ကာတွန်းဇတ်ကောင်များရေးဆွဲခြင်း
------
Logo/Branding
လုပ်ငန်းများအတွက် လိုအပ်သော လိုဂိုနှင့် ဒီဇိုင်းများကို Agency များတွင် အသုံးပြုသည့် ပရိုဖက်ရှင်နယ် နည်းစနစ်များအတိုင်း စာတွေ့ အပြင် လက်တွေ့ Project Design များရေးဆွဲခြင်း
လုပ်ငန်းပုံရိပ်ကို ဒီဇိုင်းနာတစ်ယောက်အနေဖြင့် ပုံဖော်ပေးသည့် Branding / Logo guiline ရေးဆွဲခြင်း

Brand Guide & Mockups
---------
မိမိတို့ရေးဆွဲထားသောဒီဇိုင်းများကို Customer များအမြင်
တွင် ပိုပြီးမြင်သာစေရန် Mockup ဒီဇိုင်းများရယူပြီး
ထည့်သွင်းနည်းကို သင်ကြားပေးသွားပါမည်။
-----
Typography/Calligraphy
ဒီဇိုင်းများတွင် အသုံးပြုသည့် စာလုံးဒီဇိုင်းပုံစံ တည်ဆောက်ပုံ
-----
Layout & Compositions
ဒီဇိုင်းလှပပြီး ဖတ်ရလွယ်အောင် နေရာချထားခြင်း သီအိုရီများ
-----
Printing Designs
လိပ်စာကတ်/ဘောင်ချာ/ပန်းဖလက် စသည့် Printing ဒီဇိုင်းများကို သီအိုရီ အယူအဆများနှင့်တစ်ကွသင်ကြားရပါမည်။
-----
Vector Portrait
Shape များဖြင့် လူပုံစံရေးဆွဲခြင်း စသည်တို့ကိုသင်ကြားရမှာပါ။
-----
-
(Program သည့် illustrator ကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုပြီး ကျွမ်းကျင် illustrator တစ်ယောက်ဖြစ်လာစေရန်
လုပ်ငန်းတစ်ခုတွင် အများဆုံးရေးဆွဲရသော ဒီဇိုင်းများ Logo/Branding နှင့် Printing Design များကို ကျွမ်းကျင်စွာရေးဆွဲ တတ်မြောက်သွားစေရန်ရည်ရွယ်ပါသည်။
-----
Design + နဲ့ illustration + ကို တစ်လချင်းစီ တစ်လှည့်စီခွဲသင်တာဖြစ်လို့ လတိုင်း တန်းခွဲအသစ်တွေရှိတာမို့ အဆင်ပြေတဲ့လကနေ စပြီးသင်ယူနိုင်ပါတယ်။ 
-

Tools + Theory
----------
Software အသုံးပြုရုံမဟုတ်ပဲ Graphic Designer တစ်ယောက်သိသင့်တတ်သင့်သည်များကို သီအိုရီနှင့်လက်တွေ့ပေါင်းစပ်ကာ လုပ်ငန်းများတွင် အသုံးပြုသည့်ဒီဇိုင်းများကို လက်တွေ့ရေးဆွဲလေကျင့်စေခြင်းဖြင့် အချိန်တိုအတွင်း စနစ်တကျတတ်မြောက်အောင် ဒီဇိုင်းဆွဲထားပါတယ်။

Theory Details
--------
Design တစ်ခုကို ပညာရှင်ဆန်ဆန် ပိုင်နိုင်စွာဖန်တီးနိုင်စေဖို့ အတွက်
-
Color Theory/CMYK and RGB/Color Pallet
အရောင်များ၏ သဘာဝတရားနှင့် ပိုင်နိုင်စွာ အသုံးချပုံ
-
2. Graphic Design Basic & Advance Elements
အစိတ်အပိုင်းများနှင့် လိုက်ဖက်စွာအသုံးချခြင်း
-
3. Phychology and Mood of Color and Elements
စိတ်ပိုင်းဆိုင်ရာကိုအသုံးချ၍ အကြောင်းအရာနှင့်
လိုက်ဖက်မှုရှိသော ဒီဇိုင်းများဖန်တီးခြင်း
-
4. About Light and Tone အလင်း/အမှောင် သဘောတရား
-
5. Graphic Design Principles အခြေခံစည်းမျဉ်းများ
=
6. စဉ်းစားတွေးခေါ်ပုံ (Mood board/Concept Thinking)
-
7. နေရာချထားမှု (Layout,Composition,Gird System)
နှင့်အခြား ဒီဇိုင်းနာများသိသင့်သည့်သီအိုရီနှင့်အယူအဆများ
ကိုလေ့လာသင်ယူရမှာဖြစ်ပါတယ်။

----------
Practice in Place and No More Further Effort
----------
ဒီဇိုင်းအကြောင်းအရာများကို စနစ်တကျဆွေးနွေးမေးမြန်းနိုင်သလို သင်ခန်းစာတစ်ခုပြီးတိုင်း တတ်ကျွမ်းမှုရှိမရှိပြန်လည်စစ်ဆေးပေးပြီး နားမလည်တာတွေကိုသေချာရှင်းပြပေးလို့မတတ်မှာလည်း ပူစရာမလိုတော့ပါဘူး။
ဒါအပြင် ကကြီး ခခွေး အစကနေ အသေးစိတ်သင်ကြားပေးတာဖြစ်လို့ အခြခံအားနည်းနေသူအတွက်လည်း ကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ်ကိုယူဆောင်လာဖို့ပဲလိုပါတယ်။

Detail Design Course Make Learning Process Fast and Understandable
----------
ဒါ့ အပြင် သင်ယူသူများအတွက် Lesson များကို ခေါင်းစဥ်တစ်ခုချင်းစီအလိုက် နားလည်လွယ်အောင်သေချာသင်ပြပေးသလို သင်တန်းချိန်တိုင်းကို Video Record ယူထား ပြီး Telegram Group မှာပြန်တင်ပေးလို့ အခက်အခဲမရှိ ပြန်လည် လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ 

The Best Experience Trainer Make Learning Easy
-----
ဒီဇိုင်းများကိုလက်တွေ့နယ်ပယ်မှာ ဖန်တီးရေးဆွဲပေးနေတဲ့
Art of Lwin Creative Studio မှ ဆရာလွင်ထက်အောင် ကိုယ်တိုင်
နှစ်အတန်ကြာ လေ့လာခဲ့ရတဲ့ အတွေ့အကြုံများကို သင်ကြားပေးမှာဖြစ်လို ဒီဇိုင်းပိုင်းဆိုင်ရာ အတွေ့အကြုံနဲ့ ပညာတွေအများကြီးရနိုင်တဲ့သင်တန်းတစ်ခုပါ။

သင်ကြားမှုအပိုင်းမှာလည်း အချိန်ယူပြီး တစ်ဆင့်ချင်း နားလည်လွယ်အောင် စိတ်ရှည်ရှည်နဲ့ သင်ပေးတဲ့အပြင် တပည့်များ၏လုပ်ငန်းခွင် အခက်အခဲများကိုပါ ဖြေရှင်းပေးတတ်လို့ သင်တန်းပြီးရုံနဲ့မပြီးပဲ တပည့်များက အမြဲအားကိုးအားထားပြုရတဲ့ဆရာတစ်ယောက်ဖြစ်ပါတယ်။

Certificate and Portfolio Support For Work
----------
သင်တန်းပြီးဆုံးပါက Graphic Designer Certificate လည်းပေးအပ်သွားမှာဖြစ်သလို အလုပ်လျှောက် ဖို့အတွက် CV, Cover letter, နှင့် Portfolio ပြုလုပ်နည်းကိုပါ သင်ကြားပေးမှာဖြစ်လို့ ပညာပိုင်းအရကော Document ပိုင်းမှာပါ အခက်အခဲမရှိ ပဲ Graphic Designer လမ်းကြောင်းကို လျှောက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်။

Graphic Design ကို အခြေခံမှစပြီး အလုပ်ဝင်နိုင်သည်အထိ သေချာစနစ် တကျသင်ကြားပေးတဲ့ အတန်းဖြစ်ပါတယ်။ လုပ်ငန်းများနဲ့တိုက်ရိုက်ချိတ်ဆက်ပေးတာမျိုးမဟုတ်ပဲ ပညာရပ်ပိုင်းကျွမ်းကျင်မှုရှိအောင် ဆရာကိုယ်တိုင် လေ့ကျင့်သင်ကြားပေးပြီး indesign အသုံးပြုပြီး CV/ Portfolio လုပ်နည်းပါ တစ်ခါတည်း သင်ကြား ပေးတာကြောင့် ရန်ကုန်မြို့ရှိ မည်သည့် Company တွင်မဆို Designer Position ကို ဝင်ရောက်လျောက်ထားနိုင်မည်ဖြစ်ပါသည်။ သင်တန်းပြီးမြောက်လျှင်လည်း Private Group ထဲတွင် မိမိအရည်အချင်းတိုးတက်အောင် အလုပ်သင် အနေဖြင့် ဆက်လက်လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

သင်တန်းအကြောင်း မေးချင်တာဖြစ်ဖြစ် အခြား Graphic Design အပ်ချင်တာ ဆွေးနွေးချင်တာပဲဖြစ်ဖြစ်
Page CB ကနေပြောလို့ရသလို၊ ဖုန်းနံပါတ် 09254701883 ကိုလည်း ဆက်သွယ်အပ်နှံနိုင်ပါတယ်။

Our Support
—————
သင်တန်းနေရာကလည်း အေးဆေးပြီး သွားလာရလွယ်ကူတဲ့ လှည်းတန်းဂမုန်းပွင့်နားက ဆင်ရေတွင်း လမ်းထဲမှာရှိသလို
သက်တောင့်သက်သာသင်ယူနိုင်ဖို့ အဲကွန်း နဲ့ Office ထိုင်ခုံများစီစဥ်ထားရှိပြီး ကော်ဖီ ရေပူရေအေးများပါ သုံးဆောင်နိုင်ပါတယ်။

အစစအရာရာ အဖက်ဖက်က ပြည့်စုံအောင်စီစဥ်ပေးထားသလို ကွန်ပျူတာ အဆင်မပြေသူများအတွက် သင်တန်းကကွန်ပျူတာဖြင့် သင်ကြားနိုင်ပါတယ်။ ဒါအပြင် သင်တန်းမစခင်တစ်နာရီအလိုကတည်းကကြိုလာပြီးလေ့ကျင့်လို့ရအောင်စီစဥ်ပေးထားဖြစ်ပါတယ်။

အဲဆိုဘာလိုသေးလဲ ဆရာနဲ့အတူကြမ်းဖို့ လူမပြည့်ခင် အမြန်စာရင်သွင်းထားလိုက်ဖို့ပဲလိုပါတော့တယ်။ သင်ခန်းစာအကြောင်းလေးကို Video အနေနဲ့လည်း youtube မှာတင်ပေးထားပါတယ်။ အောက်ကလင့်မှာနှိပ်ကြည့်နိုင်ပါတယ်။

Previous Post Next Post

Random Manga

Ads text

نموذج الاتصال