“Steal Like an Artist” book review
Austin Kleon ရေးသားသော Steal Like an Artist သည် တီထွင်မှုဖန်တီးမှုအတွက် စိတ်ကူးအသစ်အဆန်းများကို မျှော်လင့်မထားပဲ၊ အခြားဖန်တီးထားပြီးသားအရာများထံမှ အတွေးအမြင်များကို အားယူပြီး အသစ်ဖန်တီးဖိုအားပေးသည့် စာအုပ်ဖြစ်သည်။စိတ်ဝင်စားစရာ ပုံတွေ၊ အချက်အလက်တွေနဲ့ ပြည့်စုံထားသည့် စာအုပ်ဖြစ်လို ဖတ်ရှူရတာစိတ်ဝင်စားဖိုကောင်းပါတယ်။
အဓိက အချက်များ: 1.
တီထွင်မှုသည် ပြန်လည်ပေါင်းစပ်ဖန်တီးခြင်း ဖြစ်သည်:
ဒီစာအုပ်ရဲ့ အဓိကအတွေးတစ်ခုက တီထွင်မှုဆိုတာ ဘယ်တော့မှ တစ်ခြားလူတွေဖန်တီးထားတဲ့ အရာတွေကို ကိုးကားယူပြီး အခြားနည်းလမ်းဖြင့် ပြန်လည်ဖန်တီးခြင်းဖြစ်တယ်ဆိုတဲ့ အတွေးဖြစ်ပါတယ်။ Kleon ကလည်း “ကူးယူ” ပြီး နောက်ပိုင်းမှာ ကိုယ်ပိုင်ပုံစံနဲ့ ပြန်လည်ဖန်တီးဖို အားပေးပါတယ်။
2. အနုပညာဆိုင်ရာ လွမ်းမိုးမှုကို လက်ခံပါ။
သင်ဘောကျတဲ့ အနုပညာဆိုင်ရာ ပညာရှင်တွေ က သင့်အပေါ်လွမ်းမိုးမှုရှိနေပါလိမ့်မယ် အဲတာကို မကြောက်ပါနဲ့၊ လေ့လာပါ သုသေသနပြုပါ ပြန်လည်ဖန်တီခြင်းဖြင့် ကိုယ်ပိုင် တွေးခေါ်ဖန်တီးမှုိုးတက်စေမှာပါလိုဆိုထားပါတယ်။
3. တီထွင်မှုအားဖြင့် အရည်အချင်းတိုးတက်အောင်လုပ်ပါ
ဒီစာအုပ်မှာ တီထွင်မှုကို နေ့တိုင်းလေ့ကျင့်မှသာ အလေ့အကျင့်ရပြီး တီးထွင်ဖန်တီးနိုင်စွမ်းရှိလာမယ်ဖြစ်ကြောင်းညွန်းဆိုထားပါတယ်။
4. အဆက်မပြတ် အောင်မြင်အောင် ကြိုးစားပါ:
Kleon ကလည်း တီထွင်မှု ကုန်ခမ်းခြင်း (Art Block) ကို ကျော်ဖြတ်ဖိုအတွက် အမြဲတမ်း လုပ်ဆောင်နေပြီး ကြိုးစားနေဖို အားပေးပါတယ်။
စာရေးပုံနှင့် ပုံစံ:
Kleon ရဲ့ စာရေးပုံကလည်း စကားလုံးတွေနဲ့ ပြောရသလိုဖြစ်ပြီး ဟာသတွေပါ ပါဝင်တယ်။ စာအုပ်က လက်ရေးစကားလုံးတွေ၊ ရေးဖြတ်ပုံတွေ၊ ဓာတ်ပုံတွေ စသည်တိုနဲ့ ပေါင်းစပ်ထားတဲ့အတွက် ဖတ်ရှုရတာ စိတ်ဝင်စားစရာကောင်းပါတယ်။
ဘယ်သူဖတ်ဖို သင့်တော်သလဲ:
Steal Like an Artist စာအုပ်ကတော့ တီထွင်မှုအတွက် စိတ်အားကောင်းဖိုလိုတဲ့ အနုပညာရှင်၊ စာရေးဆရာ၊ ဒီဇိုင်နာ၊ စီးပွားရေးလုပ်ငန်းရှင် စတဲ့ သူငယ်ချင်းတွေအတွက် အထူးသင့်တော်ပါတယ်။ မူကွဲမဟုတ်ခြင်းကြောင့် စိတ်ချမ်းသာမှုနဲ့ ခံစားနေရတဲ့ သူတွေအတွက် အထူးအသုံးဝင်ပါလိမ့်မယ်။
ကောက်နှုတ်ချက်
Austin Kleon ရဲ့ Steal Like an Artist စာအုပ်ကတော့ ဖန်တီးမှုအတွက် စိတ်အားပေးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး တီထွင်မှုဆိုတာ တစ်ဦးတည်း မလုပ်နိုင်ဘဲ ပူးပေါင်းလုပ်ဆောင်တဲ့ အရာတစ်ခုဖြစ်တယ်ဆိုတဲ့ အချက်ကို အားပေးပါသည်။ ဒီစာအုပ်ကလည်း ဖန်တီးမှုအတွက် အားပေးမှုလိုအပ်တဲ့အခါတွင် ပြန်လည်ရှုစားဖိုကောင်းတဲ့ လမ်းညွှန်အဖြစ် ဖြစ်နေပါလိမ့်မယ်။